🔛၁၂လရာသီခွင်(သို့)ရာသီစက် အကြောင်း🔛
သမိုင်းအထောက်ထားများအရ အဝေးကြည့်မှန်ပြောင်းများသည် ခရစ်သက္ကရာဇ် ၁၆၆၃ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ကြောင်းလေ့လာတွေ့ရှိရပါသည်။ သို့ပေမဲ့နက္ခတ်တာရာကြည့် မှန်ပြောင်းများ မပေါ်မှီ နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းကပင် ဟိန္ဒူနက္ခတ်တာရာကျမ်းများပေါ်ထွန်းလာခဲ့သည်မှာ အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်။
ဟိန္ဒူနက္ခတ်ဗေဒင်ကျမ်းများရေးသားသော နက္ခတ်တာရာပညာရှင်များနှင့် ဗေဒင်ပညာရှင်များသည် များသောအားဖြင့် သာမာန် ပုထုဇဥ် လူဝတ်များမဟုတ်ဘဲ သီလ သမာဓိရှိ၍ စျာန်အဘိညာဥ်ရသော ရသေ့ကြီးများဖြစ်သောကြောင့် ဤမျှစွမ်းဆောင်နိုင်ခြင်းဖြစ်သည်ဟု ယူဆရပေမည်။
ကောင်းကင်တွင် နက္ခတ်တာရာ သန်းပေါင်းများစွာရှိပြီး ရေတွက်၍မဖြစ်နိုင်လောက်အောင် များပြားလှပါသည်။ ဤမျှ များပြားလှသော နက္ခတ်တာရာများကို မည်ကဲ့သို့လေ့လာမည်နည်း။ နက္ခတ်ဗေဒင်ပညာကိုသိပ္ပံနည်းကျကျ လေ့လာမည်ဆိုလျှင် ၁၂လရာသီခွင်(သို့) ရာသီစက်အတွင်းရပ်တည်နေသော နက္ခတ် (၂၇)လုံးနှင့် ဂြိုလ်ကြီး(၉)လုံး အကြောင်းကို ကောင်းစွာနားလည်သဘောပေါက်လျှင် လုံလောက်ပါသည်။
မှတ်ချက် - နက္ခတ်(၂၇) အကြောင်းကိုရေးသားပြီးဖြစ်သဖြင့် ထပ်မံရေးသားမဖော်ပြတော့ပါ။ အောက်ပါ Link တွင်သွားရောက်ဖတ်ရှုပေးပါရန်https://www.facebook.com/123671768300434/posts/536403910360549/
(၁၂)လရာသီခွင်(သို့)ရာသီစက် ဟူသည်ကား အဘယ်နည်း။
နေသည် ရာသီစက်ကို တစ်နှစ်လျှင် တစ်ပတ်ပတ်သည်။ နေပတ်လမ်းကြောင်းကို နေသွားလမ်းကြောင်း စက်၀န်းဟုခေါ်ဆိုပြီး နေသွားလမ်းကြောင်းစက်ဝန်းမှ တစ်ဘက်တစ်ချက်တွင် ၈အံသာစီ ကျယ်၀န်းသော နေသွားလမ်းကြောင်းအပါအဝင် ကောင်းကင်ပြင်တဝိုက်ကို ၁၂လရာသီခွင်(သို့)ရာသီစက်ဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။
တနင်္ဂနွေဂြိုလ်သည် နေသွားလမ်းကြောင်းစက်ဝန်းအတိုင်း နှစ်စဥ်သွားလာလျက်ရှိသည်။ အခြားဂြိုလ်များသည်နေသွားလမ်းကြောင်းအတိုင်း အတိအကျ မလိုက်ပါ။ တခါတရံ နေလမ်းကြောင်းစက်ဝန်း၏ မြောက်ဘက်ရောက်သွား၍ တခါတရံ တောင်ဘက်ရောက်သွားတတ်သည်။ သို့သော် နေသွားလမ်းကြောင်းမှ ၈ အံသာထက်ကျော်လွန်၍ သွေဖယ်သွားလာခြင်းမရှိပေ။ နေသွားလမ်းကြောင်း စက်ဝန်းမှ မြောက်ဘက် ၈အံသာ အကွာအဝေးကို မြောက်လတ္တီတွဒ် ဟုခေါ်ဆို၍ တောင်ဘက် ၈အံသာအကွာအဝေးကို တောင်လတ္တီတွဒ် ဟုခေါ်ဆိုပါသည်။
ခရစ်မပေါ်မီ နှစ်ပေါင်း ၂၇၀၀ကျော်က ဘေဘီလုံနီယ နိုင်ငံတွင်နေထိုင်သော လူမျိုးများသည် နေသွားလမ်းကြောင်းအပါအဝင် ရာသီစက်ကို ၁၂ ပိုင်းအညီပိုင်း၍ တစ်ပိုင်းကို တစ်ရာသီဟု ခေါ်ဝေါ်ကြသည်။ ၃၆၀ အံသာရှိသော ရာသီစက်ကို ၁၂ ပိုင်းပိုင်းလိုက်သောအခါ တစ်ရာသီလျှင် ပျှမ်းမျှ ၃၀ အံသာစီရှိပြီး ၎င်းတစ်ရာသီစီတွင်ပါဝင်သော ကြယ်စုများ၏ ပုံပန်းသဏ္ဌန်ကိုကြည့်၍ ဆိတ်နှင့် တူလျှင် ဆိတ်ရာသီဟူ၍လည်းကောင်း၊ နွားနှင့်တူလျှင် နွားရာသီဟူ၍လည်းကောင်း အမည်မှည့်ခေါ်ဝေါ်ခဲ့ကြပါသည်။ ဤသို့ဖြင့်
မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊
တူ၊ ဗြစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန် ဟူသောရာသီ(၁၂)ပါးဖြစ်ပေါ်လာခဲ့ပါသည်။ ပုံကိုကြည့်ပါ။
ရာသီ(၁၂)ပါး၏ပုံပန်းသဏ္ဌန်များ
(၁) မိဿရာသီ - ဆိတ်ထီးရုပ်
(၂) ပြိဿရာသီ - နွားထီးရုပ်
(၃) မေထုန်ရာသီ - လက်တစ်ဘက် စောင်းကိုကိုင်စွဲ၍ ကျန်လက်တစ်ဘက် လှံတံကိုင်ဆောင်ထားသော ကျားမ စုံတွဲရုပ်
(၄) ကရကဋ်ရာသီ - ပုဇွန်လုံးရုပ်
(၅) သိဟ်ရာသီ - ခြင်္သေ့ရုပ်
(၆)ကန်ရာသီ - လက်တဘက် ကောက်ဆုပ်၊ ကျန်လက်တဘက်တွင် ဆီမီးကိုင်လျှက် လှေစီးနေသောမိန်းမရုပ်
(၇) တူရာသီ - ချိန်ခွင်ကိုင်ထားသော ကုန်သည်ရုပ်
(၈) ဗြိစ္ဆာရာသီ - ကင်းမြီးကောက်ရုပ်
(၉) ဓနုရာသီ - အထက်ပိုင်းတွင် လေး ကိုင်စွဲထားသောယောကျာ်း၊ အောင်းပိုင်းမြင်းရုပ်
(၁၀) မကာရရာသီ - ရှေ့ပိုင်းသမင်၊ နောက်ပိုင်းမကန်းရုပ်
(၁၁) ကုံရာသီ - အိုးထမ်းသော ယောကျာ်းရုပ်
(၁၂) မိန်ရာသီ - ငါးကြင်းနှစ်ကောင်ရုပ်
တို့ဖြစ်ကြပါတယ်။
====================
🔆ရာသီ တစ်ခုချင်း၏ ညွှန်ပြချက်များ🔆
ရာသီစက် အကြောင်းနှင့် ရာသီစက်ကို (၁၂)ပိုင်း ပိုင်းခြားလိုက်သောအခါ မိဿ၊ ပြိဿ၊ မေထုန် စသောရာသီ (၁၂)ပါးဖြစပေါ်လာပုံကို ၊ ပုံပန်းသဏ္ဌန် တို့ကိုရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ရာသီခွင်ကညွှန်ပြချက်များ ကိုရေးသားတင်ပြပေးပါမည်။
🔷ရာသီစက်က ညွှန်ပြသော ခန္ဓာကိုယ် အစိတ်အပိုင်းများ🔷
(၁) မိဿရာသီ - ဦးခေါင်း
(၂) ပြိဿရာသီ - မျက်နှာ(လည်ပင်းအပါအဝင်)
(၃) မေထုန်ရာသီ - ရင်ဘတ်နှင့်လက်မောင်းထက်ပိုင်း
(၄) ကရကဋ်ရာသီ - နှလုံးနှင့်ရင်ဘတ်အောက်ပိုင်း
(၅) သိဟ်ရာသီ - အစာအိမ်၊ ချက်အထက်ပိုင်း
(၆) ကန်ရာသီ - ဆီးစပ်အထက်ပိုင်း
(၇) တူရာသီ - ဆီးစပ်
(၈) ဗြိစ္ဆာရာသီ - စအို၊ အင်္ဂါစပ်
(၉) ဓနုရာသီ - တင်ပါး၊ ပေါင်တံ
(၁၀) မကာရရာသီ - ဒူး
(၁၁) ကုံရာသီ - ခြေသလုံး
(၁၂) မိန်ရာသီ - ခြေဖဝါး
----------------------------
🔷ရာသီ တစ်ခုစီက ညွှန်ပြသည့် နေရာဒေသများ🔷
(၁) မိဿရာသီ - ကျောက်မျက်ရတနာ၊ သတ္တုတူးဖော်သည့်နေရာ။
(၂) ပြိဿရာသီ - သစ်တော၊ စပါးစိုက်ပျိုးသောလယ်ကွင်း၊ ကျွဲ နွား မွေးမြူရေးခြံ။
(၃) မေထုန်ရာသီ - ကခြေသည်များ၊ တေးဂီတသမား၊ အနုပညာရှင်များ၊ ပြည့်တန်ဆာများ၊ အိပ်ခန်း၊ လောင်းကစားသည့်နေရာ။
(၄) ကရကဋ်ရာသီ - စိုက်ပျိုးမြေများ၊ ရေတွင်းများ၊ ရေကန်များ၊ မြစ်ကမ်းပါး၊ စိမ့်စမ်းမြေများ။
(၅) သိဟ်ရာသီ - သစ်တောထူထပ်သည့်နေရာ၊ တောင်တန်းများ၊ တောင်ပူစာများထူထပ်သည့်နေရာ။
(၆) ကန်ရာသီ - လက်မှုပညာထွန်းကားသောအရပ်၊ စားကျက်မြေ၊ ပြောင်းစိုက်ပျိုးသည့်မြေ။
(၇) တူရာသီ - ပြောင်းစိုက်ပျိုးသည့် ကုန်းမြင့်၊ လမ်းများ၊ ဆိုင်များ၊ ပွဲရုံ။
(၈) ဗြိစ္ဆာရာသီ - အဆိပ်ရှိသောသတ္တာဝါများနေထိုင်သည်ါ့တွင်းများ၊ ဂူများ၊ လျှို့ဝက်သည့်နေရာများ။
(၉) ဓနုရာသီ - မြင်းများ၊ မြင်းလှည်းများ၊ ဆင်များ၊ ဝေါယဥ်များရှိရာအရပ်၊ နန်းတော်။
(၁၀) မကာရရာသီ - မြစ်များ၊ သစ်တော၊ ရေပေါသည့်အရပ်။
(၁၁) ကုံရာသီ - ရေရှားပါးသည့်အရပ်ဒေသ၊ အရက်ချက်လုပ်သူများနေထိုင်ရာအရပ်၊ လောင်းကစားသည့်နေရာ၊ အိမ်တွင်းအိုးများထားရာအခန်း။
(၁၂) မိန်ရာသီ - ဘာသာရေးဆိုင်ရာအရပ်ဒေသများ၊ မြစ်များ ဘုရားတန်ဆောင်းစသော ဘာသာရေးအဆောက်အအုံရှိသည့်နေရာများ။
----------------------------
🔷ရာသီ တစ်ခုချင်းက ညွှန်ပြသည့် အရောင်အဆင်းများ🔷
(၁) မိဿရာသီ - သွေးကဲ့သို့နီသည့်အရောင်
(၂) ပြိဿရာသီ - အဖြူရောင်
(၃) မေထုန်ရာသီ - ကြက်တူရွေးကဲ့သို့အစိမ်းရောင်
(၄) ကရကဋ်ရာသီ - ပန်းရောင်
(၅) သိဟ်ရာသီ - မီးခိုးရောင်
(၆) ကန်ရာသီ - အရောင်မျိုးစုံ
(၇) တူရာသီ - အနက်ရောင်
(၈) ဗြိစ္ဆာရာသီ - ရွှေရောင်
(၉) ဓနုရာသီ - အည်ိုရောင်
(၁၀) မကာရရာသီ - အဝါရောင်
(၁၁) ကုံရာသီ - အရိပ်ရောင်
(၁၂) မိန်ရာသီ - အဖြူရောင်
----------------------------
🔷ရာသီ တစ်ခုချင်းက ခွဲခြားညွှန်ပြသည့် ယောကျာ်း မိန်းမ 🔷
(၁) ယောကျာ်းရာသီများမှာ မိဿ၊ မေထုန်၊ သိဟ်၊ တူ၊ ဓနု နှင့် ကုံရာသီတို့ဖြစ်သည်။
(၂) မိန်းမရာသီများမှာ ပြိဿ၊ ကရကဋ်၊ ဗြိစ္ဆာ၊ မကာရ နှင့် မိန်ရာသီတို့ဖြစ်သည်။
မှတ်ချက်။ ။ယောကျာ်းရာသီကို ဝိသမရာသီ ဟုခေါ်ဆိုကြပြီး၊ မိန်းမရာသီကို သမရာသီ ဟု၍ခေါ်ဆိုကြပါသေးသည်။
.................................................................
🔷သူရိယရာသီ နှင့် စန္ဒြရာသီ🔷
တနင်္ဂနွေဂြိုလ်သည် သိဟ်ရာသီ၏ သခင်ဂြိုလ်ဖြစ်၍ တနင်္လာဂြိုလ်သည် ကရကဋ်ရာသီ ၏သခင်ဂြိုလ်ဖြစ်သည်။
(၁) သူရိယရာသီများမှာ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု နှင့် မကာရရာသီတို့ဖြစ်သည်။
(၂) စန္ဒြရာသီများမှာ ကရကဋ်၊ မေထုန်၊ ပြိဿ၊ မိဿ၊ မိန် နှင့် ကုံရာသီတို့ဖြစ်သည်။
.................................................................
🔷စရ၊ ထိရ၊ နှင့် ဒွေးဒဟ ရာသီများ🔷
(၁) စရ ရာသီများမှာ မိဿ၊ ကရကဋ်၊ တူ နှင့် မကာရရာသီတို့ဖြစ်သည်။
(၂) ထိရ ရာသီများမှာ ပြိဿ၊ သိဟ်၊ ဗြိစ္ဆာ နှင့် ကုံရာသီတို့ဖြစ်သည်။
(၃) ဒွေးဒဟ ရာသီများမှာ မေထုန်၊ ကန်၊ ဓနု နှင့် မိန်ရာသီတို့ဖြစ်သည်။
မှတ်ချက်။ ။ စရ ရာသီတွင် လဂ်၊ စန်း ရှိသူသည် လှုပ်ရှားမှု၊ ခရီးသွားလာမှုများသည်။ ထိရ ရာသီတွင် လဂ်၊ စန်း ရှိသူများသည် ဖင်မြဲသည်။ ခရီးသွားခြင်းကို မနှစ်သက်ပေ။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
🔷တိုသောရာသီ နှင့် ရှည်သောရာသီ🔷
(၁) တိုသောရာသီများမှာ မိဿ၊ ပြိဿ၊ ကုံ နှင့် မိန်ရာသီတို့ဖြစ်သည်။
(၂) ရှည်သောရာသီများမှာ သိဟ်၊ ကန်၊ တူ နှင့် ဗြိစ္ဆာရာသီတို့ဖြစ်သည်။
(၃) မတိုမရှည် ရာသီများမှာ မေထုန်၊ ကရကဋ်၊ ဓနု နှင့် မကာရ ရာသီတို့ဖြစ်သည်။
.................................................................
🔷ရေရာသီ နှင့် ရေမရှိသောရာသီ🔷
(၁) ရေရာသီများမှာ ကရကဋ်၊ ဗြိစ္ဆာ၊ မကာရ နှင့် မိန်ရာသီ တို့ဖြစ်သည်။
(၂) ရေမရှိသောရာသီများမှာ မိဿ၊ သိဟ်၊ တူ နှင့် ဓနုရာသီတို့ဖြစ်သည်။
.................................................................
🔷ဓာတု၊ မူလ၊ ဇီဝ ရာသီများ🔷
(၁) ဓာတုဆိုရာတွင် ဓာတ်သတ္တု၊ ထုံး၊ ကျောက်၊ သဲ၊ ရွံ့စေး တို့ပါဝင်သည်။ ဓာတုရာသီများမှာ မိဿ၊ ကရကဋ်၊ တူ၊ နှင့် မကာရရာသီတို့ဖြစ်သည်။
(၂) မူလဆိုရာတွင်နှံစားသီးနှံများ၊ နွယ်ပင်များ၊ သစ်ပင်များပါဝင်သည်။ မူလရာသီများမှာ ပြိဿ၊ သိဟ်၊ ဗြိစ္ဆာ၊ နှင့် ကုံရာသီတို့ဖြစ်သည်။
(၃) ဇီဝဆိုရာတွင် ပိုးမွှားမှလူသားအထိ သက်ရှိ သတ္တဝါအားလုံးပါဝင်သည်။ ဇီဝရာသီများမှာ မေထုန်၊ ကန်၊ ဓနု နှင့် မိန်ရာသီတို့ဖြစ်သည်။
.................................................................
🔷သတ္တဝါရာသီများ🔷
(၁) ခြေ(၂)ချောင်း သတ္တဝါရာသီတွင် မေထုန်၊ ကန်၊ တူ၊ ဓနုရာသီ(ပထမတခြမ်း) နှင့် ကုံရာသီတို့ပါဝင်သည်။
(၂) ခြေ(၄)ချောင်း သတ္တဝါရာသီတွင် မိဿ၊ ပြိဿ၊ သိဟ်၊ ဓနုရာသီ(ဒုတိယတခြမ်း)၊ မကာရရာသီ(ပထမတခြမ်း)တို့ပါဝင်သည်။
(၃) တွားသွားသတ္တဝါ ရာသီတွင် ကရကဋ်၊ ဗြိစ္ဆာ၊ မကာရာသီ(ဒုတိယတခြမ်း) နှင့် မိန်ရာသီ တို့ပါဝင်သည်။
.................................................................
🔷ဇာတ်(မျိုးရိုး)🔷
(၁) ခတ္တိယ(စစ်သည်မျိုး)ရာသီများမှာ မိဿ၊ သိဟ် နှင့် ဓနုရာသီတို့ဖြစ်သည်။
(၂) ဝေဿ(ကုန်သည်မျိုး)ရာသီများမှာ ပြိဿ၊ ကန် နှင့် မကာရာသီတို့ဖြစ်သည်။
(၃) သုဒ္ဒ(ဆင်းရဲသားမျိုး)ရာသီများမှာ မေထုန်၊ တူ နှင့် ကုံရာသီတို့ဖြစ်သည်။
(၄) ဗြဟ္မဏ(ပုဏ္ဏားမျိုး)ရာသီများမှာ ကရကဋ်၊ ဗြိစ္ဆာ နှင့် မိန်ရာသီတို့ဖြစ်သည်။
==============================
#အကိုးအကား
(၁)ဟိန္ဒူနက္ခတ်ဗေဒင်အဟောကျမ်း
(၂)အာကာသသျှတ္တရကျမ်း
📜📜📜📜📜📜📜📜📜📜📜📜📜📜🖊️🖊️🖊️🖊️🖊️🖊️🖊️🖊️🖊️🖊️🖊️🖊️🖊️🖊️
ဆရာဦးအေးကျော်
(မြန်မာရိုးရာထန်းဖူးဇာတာ)
09-402582706(Viber)
09-754988421
https://m.facebook.com/myanmartraditonalzatarmdy/
ဆရာဦးအေးကျော် မြန်မာရိုးရာထန်းဖူးဇာတာ
Friday, July 24, 2020
Sunday, July 12, 2020
ဇာတာကိုထန်းရွက်ဖြင့်ပြုလုပ်ခြင်းအကြောင်း
ဤဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းတွင် ထန်းပင်သည် အသက်အရှည်ဆုံးသော မင်္ဂလာအပင်ဖြစ်လေသည်။ ထန်းပင်သည် ၁၂ ရာသီပတ်လုံး ရွက်သစ်များ၊ အသီးအနှံများ အမြဲဝေဝေဆာဆာရှိလှသော ပဒေသာအပင်ကြီးသဖွယ် တည်ရှိနေတတ်၍ ကျက်သရေနှင့်ပြည့်စုံသောအပင်ဖြစ်လေသည်။ ထို့အပြင် ထန်းပင်တစ်ပင်လုံးရှိ အမြစ်မှ အဖျားသို့တိုင် လိုရာအသုံးပြုနိုင်သော အပင်မျိုးဖြစ်သည်။ ရှေးက ပေရွက်ပေါ်တွင် စာပေရေးသားခဲ့သလို ဇာတာများကိုလည်း ရေးသားခဲ့ပေသည်။ သို့ရာတွင် ပေရွက်သည် အရွက်ပေါင်းများစွာထပ်၍ အသားနှစ်ချပ်ဖြင့် ထိပ်နှစ်ဖက်အုပ်ပြီးလျှင် ပလ္လင်တိုင်ခေါ် ဝါးချောင်းသပ်လျှိုခြင်းဖြင့် စုစည်းထားနိုင်ပေသည်။ သီးခြားတစ်ရွက်တည်းဖြစ်လျှင်မူ ပေရွက်သည် ပျော့ပြောင်းခြင်း၊ မာကျောတောင့်တင်းခြင်းကင်း၍ ရှေးက ပေရွက်အစား ထန်းရွက်ကို အသုံးပြုခဲ့ဟန်ရှိပေသည်။ ထို့အပြင် ပေပင်သည် အသက်တိုသော သစ်ပင်တစ်ပင်ဖြစ်သည်။ သူ၏သက်တမ်းသည် နှစ် ၄၀၊ ၅၀၊ ၆၀ ဝန်းကျင်မျှသာရှိပြီး၊ အပွင့်တစ်ခါပွင့်ပြီး၊ အသီးတစ်ခါသီးပြီးလျှင် သေဆုံးသွားသောအပင်မျိုးဖြစ်သည်။ မွေးဖွားခြင်းဆိုင်ရာ ဇာတာ တစ်စောင်တွင် မွေးဖွားချိန်၌ သက်ဆိုင်သော အကြောင်းရပ် ကိန်းဂဏန်းများကို မှတ်သားထားသဖြင့် မင်္ဂလာရှိရန် လိုအပ်ပေသည်။ စတင်မွေးဖွားလာသော အမှတ်အသားများကို မင်္ဂလာကျက်သရေနှင့် ပြည့်စုံသော ပစ္စည်း(ထန်းရွက်)အား အောက်ခံထားမှတ်သား၍ အတိတ်နိမိတ်ယူခြင်း ဖြစ်ပေမည်။ ထို့ကြောင့်အသက်တိုသော ပေပင်မှ အရွက်ပေါ်တွင် ရေးသားခြင်းထက် အသက်အလွန်ရှည်သော ထန်းပင်မှ အရွက်ဖြင့် မှတ်သားကာ ဇာတာပြုလုပ်ခြင်းသည် အလွန်ပင် မှန်ကန်သင့်မြတ်ပေသည်။ ထန်းပင်သည် ရုက္ခဗေဒအလိုအားဖြင့် ပါမီအမျိုးအစား သစ်ပင်များတွင် ပါဝင်လေသည်။ ထိုပါမီ အမျိုးအစားဝင် သစ်ပင်များမှာ အုန်းပင်၊ ထန်းပင်၊ ဓနိပင်၊ စလူပင်၊ ပေပင်၊ စွံပလွံပင် စသောအပင်မျိုးများဖြစ်ပေသည်။ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသများတွင် ဖြစ်ထွန်းနိုင်သော အပင်များဖြစ်လေသည်။ ၎င်းအပင်များသည် ပင်စည်ရှည်လျား၍ အမြင့်ပေ ၁၀၀ကျော်အထိ ရှိနိုင်သည်။ အကိုင်း အခက် အလက်များ ဖြာထွက်ခြင်းမရှိပဲ အပင်ထိပ်တွင် အကိုင်း အခက်များစုပြုံ၍ ထွက်တတ်လေသည်။ ၎င်းအပင်များ၏ အရွက်မှာ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ငှက်မွှေးပုံရှိပြီး ကျန်တစ်မျိုးမှာ ယပ်တောင်ပုံဖြစ်လေသည်။ ပေပင်နှင့် ထန်းပင်အရွက်သည် ယပ်တောင်ပုံဖြစ်သည်။ သရေခေတ္တရာ ပျူတို့ခေတ်ကပင် ပေရွက်၊ ထန်းရွက်များပေါ်တွင် စာပေရေးသားခြင်းပြုခဲ့သည်ဟု ပညာရှင်များက အဆုံးအဖြတ်ပြုခဲ့ပြီးဖြစ်သည်။ ထိုအရွက်များသည် ကော်ရီဖားထန်း၊ တော့ဒီထန်းတို့ ဖြစ်ကြသည်။ တော့ဒီထန်းကို ရှေးမြန်မာများက "ထန်း" ၊ မွန်လူမျိုးများက ''တာ''၊ ပါဠိဘာသာတွင် "တာလ" ဟုခေါ်သည်။ မြန်မာနှင့်မွန်တို့အခေါ် ထန်း၊တာ တို့သည်ပါဠိဘာသာ "တာလ"မှ ဆင်းသက်လာသည့်စကားများဖြစ်ကြလေသည်။ ကော်ရီဖားထန်းကိုမူ ရှေးမြန်မာများက "ပိယ်"ဟုခေါ်ပြီး ယခုမြန်မားများက "ပေ"ဟုခေါ်သည်။ မွန်တို့က "ရိုက်"ဟုခေါ်သည်။ စာများရေးသားရာတွင် ပေရွက်သည် နူးညံ့ခြင်း၊ အရွက်ကြီးခြင်း တို့ကြောင့် ပေကိုသာ အသုံးပြုခဲ့ကြသည်။ ထန်းကို စာတိုစာစ ရေးသားရာတွင်သာ အသုံးပြုခဲ့သည်။ ဇာတာပြုလုပ်သော ထန်းပင်သည် ထန်းတောတစ်တော အပင် ၁၀၀၀ခန့်တွင် ၁၀ ပင် မရှိတတ်ပြန်ပေ။ ထိုထန်းပင်မျိုးသည် အခြားထန်းပင်များနှင့်မတူဘဲ အလွန်ကြီးထွားလှသည်။ အသီးမူ ထန်းသီးသီး၍ ပင်စည်နှင့်သစ်ရွက်တို့သည် ပေပင်ထက်ပင်ကြီးမားထွားလှသည်။ ၎င်းကို ပေထန်းဟု ထန်းတောတွင်ခေါ်သည်။ ထန်းပင်၏ ထန်းဖူးမှသည် ဇာတာတစ်စောင်ဖြစ်လာရန် အဆင့်ဆင့် ပြုပြင်ဖန်တီးရပေသည်။ ၁။ ဇာတာပြုလုပ်ရသည့်ထန်းပင်မှ ထန်းဖူးများကို တန်ခူးလမှစတင်ကာ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွင် နောက်ဆုံးထား၍ခူးကြရသည်။ (နတ်တော်လမှ တပေါင်းလအထိမူ ထန်းဖူးမခူးတော့ဘဲ ထန်းလျက်ချက်လုပ်ငန်းအတွက် အနားပေးရသည်။) ၂။ ခူးပြီးအဖူးများကို အခြောက်ထားရသည်။ ၃။ အဖူးများ ခြောက်သွားသောအခါ တစ်ရွက်စီခွဲစိတ်ပြီး ညအချိန်များတွင် နှင်းထဲသို့ သုံးည လေးည နှူးပြီး ပျော့ပျောင်းအောင်ထားရသည်။ ၄။ ပျော့ပျောင်းပြီး အရွက်ရှည်များကို ညှပ်ကြမ်းတွင် ဖိထားရသည်။ ကော့ခြင်းကောက်ခြင်းမရှိဘဲ ညီညာဖြောင့်သောအခါ ညှပ်ကြမ်းမှထုတ်ယူကာ တိုင်းထွာပြီး သုံးပိုင်းပိုင်းဖြတ်ရသည်။ အရင်းပိုင်းကို အရိုးပြုလုပ်ရန်၊ အလယ်ပိုင်းကို ဇာတာရေးရန်၊ ထိပ်ပိုင်းကိုအတွင်းအစာထည့်ရန်၊ စသည်ဖြင့်ဇာတာအရိုင်းတစ်စုံအဖြစ်ပြုလုပ်ရသည်။ ထိုအရိုင်းအစုံပေါင်း ၅၀ ကိုစုပေါင်းပြီး ထန်းဖူးအရိုင်းတစ်ထုပ်ပြုလုပ်ကာ စည်းထားရသည်။ ထန်းဖူးအရိုင်းထုပ်များကို "တောထုပ်" များဟုခေါ်သည်။ ထိုအရိုင်းထုပ်များကို ထန်းတောများတွင်ပြုလုပ်ကြသည်။ ၅။ ထန်းလုပ်သားများက ထန်းဖူး (တောထုပ်များကို ထန်းဖူးဇာတာ ပန်းချီဒီဇိုင်းဆွဲသမားများ ဗေဒင်ဆရာများထံတွင်ရောင်းကြရသည်။ ၆။ ဗေဒင်ဆရာများက ဇာတာပြုလုပ်နိုင်ရန် ထိုအရိုင်းထုပ်များကို ပျော့အိအောင် ငါးမိနစ်မှ ၁၀မိနှစ်ခန့်ရေစိမ်ထားရသည်။ ၇။ ရေစိမ်ထားသောထန်းဖူးများကို ထန်းဖူးညှပ်တွင် တစ်ရက် နှစ်ရက်ခန့်ညှပ်ထားရသည်။ ကြာကြာထားလေ ပိုကောင်းလေဖြစ်သည်။ ထို့နောက် နှုတ်ခမ်းသားမညီမညွတ်သည်များကိုဖြတ်ခြင်း တိခြင်း အစာဖြည့်ခြင်း အတွင်းတွင်ညီအောင် အလွှာပေါင်းကိုးလွှာ အတွင်းအစာငါးလွှာ ထည့်ရသည်။ ၈။ ထိုအဆင့်ထိပြီးသောအခါ ထန်းဖူးများ၏အတွင်းသားကို တမာစေးကော်ဖြင့်ကပ်ရသည်။ ၉။ ကောကပ်ပြီးသော ထန်းဖူးများကို တစ်ရက် နှစ်ရက်ခန့် ညှပ်စင်တွင် ထပ်ညှပ်ရပြန်သည်။ ၁၀။ ညှပ်ပီးသော ထန်းဖူးများသည် မူလအရောင်ပြောင်းသွားကာ အဝါရောင်သမ်း၍ အလွန်ချောမွေ့လာသည်။ ထိုထန်းဖူးများကို ခိုင်ခန့်စေရန် တိုင်းထွာ၍ချုပ်ရသည်။ ၁၁။ ထို့နောက်မှ ထန်းဖူးအကြီးအသေးရွေးပြီး စိတ်ကြိုက်ပုံစံ အမျိုးမျိုးကို မျဥ်းသားရန် ပန်းချီရေးဆွဲရန် ပန်းချီရေးဆွဲ သူထံအပ်နှံရသည်။ ၁၂။ မျဥ်းဆွဲပြီး ပန်းချီရေးဆွဲပြီးထန်းဖူးများကို ဇာတာရှင်၏စိတ်ကြိုက် အမျိုးအစား တန်ဖိုးအနည်းအများအလိုက် ရွေးချယ်ကာ ဇာတာများပြုလုပ်ပေးကြရသည်။ မှတ်ချက် - ထန်းဖူးဇာတာရေးဆွဲရာတွင်အသုံးပြုသော ပစ္စည်းများကို ပုံနှင့်တကွ နောက်Post များတွင်တင်ပေးပါဦးမည်။ ၁၃။ ဇာတာပြုလုပ်ပြီးသောအခါ ပိုးမစားနိုင်ရန် ရေနံဆီ သို့မဟုတ် ရေနံကြီးဖြင့်သုတ်လိမ်းပေးရလေသည်။ အကိုးအကား ၁၉၈၄ခုနှစ် စာပေဗိမာန်စာမူဆုရ "မြန်မာ့ဇာတာ"ဒေါ်တင်မမခိုင် စာအုပ်မှ ကူးယူတင်ပြခြင်းဖြစ်ပါသည် ဆရာဦးအေးကျော် 09402582706
Saturday, July 11, 2020
#unicode
ထန်းဖူးဇာတာတွင် ရေးဆွဲထားသော ပန်းချီအနုစိပ်လက်ရာများကိုလေ့လာကြည့်ခြင်း အပိုင်း (၁)
===============
ယခုတင်ထားသောဇာတာသည် စာရေးသူကိုယ်တိုင်ရေးဆွဲထားသောဇာတာဖြစ်ပါသည်။
♦️ဇာတာမှာဆွဲထားတဲ့ပန်းချီလက်ရာများကိုလေ့လာကြည့်ရအောင်။
ယခု စာရေးသူတင်ထားသောဇာတာပုံမှာ ဘုရား(၃)ဆူဥုတ်ဇာတာဟုခေါ်ဆိုပီး ထန်းဖူးဇာတာ(၂)ခုကိုဆက်၍ထားသည်ကိုတွေ့ပါမယ်။ ယခုဇာတာကို စာရေးသူက အတွင်းပိုင်း နှင့် အပြင်ပိုင်းဟု၍ (၂)ပိုင်းခွဲထားပြီး ပုံ(၁)မှာ အပြင်ပိုင်းပုံဖြစ်၍ ပုံ(၂)မှာ အတွင်းပိုင်းပုံဖြစ်သည်။
💢အပြင်ပိုင်းပုံ(၁)ကိုအရင်လေ့လာကြည့်ပါ။
💢ဇာတာသည် နှစ်ခုတွဲဆက်ပီး ချုပ်ထားတာဖြစ်သည့်အတွက် အပေါ်ဘက်ပိုင်းကို မြင့်မိုရ်အပိုင်းဟုခေါ်ပြီး အောက်ဘက်ပိုင်းကို ငါကြီးပိုင်းဟု အခေါ်ဝေါ်နှစ်ပိုင်းခွဲထားပါတယ်။
💢မြင့်မိုရ်အပိုင်းအရင်လေ့လာကြည့်ပါ
မြင့်မိုရ်အပိုင်းသည် မြင့်မိုရ်တောင်ကို ကိုယ်စားပြု ပြီး မြင့်မိုရ်တောင်၏ ပတ်ဝန်းကျင်အနေအထားကို သရုပ်ဖော်ရေးဆွဲထားပါတယ်။ ယခုဇာတာ၏ မြင့်မိုရ်အပိုင်းမှာ စာရေးသူက ဘုရား(၃) ရုပ်ပွားတော်များဖြင့်ရေးဆွဲပူဇော်ထားပါတယ်။ မြင့်မိုရ်တောင်၏ပတ်ဝန်းကျင်အနေထားလို့ခေါ်ဆိုရာမှာ တာရာကြီး(၉)လုံးဟုခေါ်သော အဿ
ဝဏီအစ ရေဝတီ အဆုံးရှိသော နက္ခတ်(၂၇)လုံးနှင့်အစဉ်အလိုက်ယှဉ်တွဲနေသော
ပါဠိ(အဓိက) - ကျီးတာရာ
ပါဠိ(ဟံသ) - ဟင်္သာတာရာ
ပါဠိ(ကက္ကဋာ) - ပုဇွန်တာရာ
ပါဠိ(တူလာ) - ချိန်ခွင်တာရာ
ပါဠိ(စူဠာ) - ဆံကျင်တာရာ
ပါဠိ(ကေဝဋ်) - ပုဏ္ဏားတာရာ
ပါဠိ(ဟတ္ထိ) - ဆင်တာရာ
ပါဠိ(အဿ ) - မြင်းတာရာ
ပါဠိ(ဗကော) - ဗြိုင်းတာရာ
တို့ဖြင့် ခြံရံ၍ သုရုပ်ဖော်ရေးဆွဲထားခြင်းဖြစ်သည်။ ၎င်းတာရာကြီး(၉)လုံးတို့သည် မြင့်မိုရ်တောင်ကို လက်ျာရစ်၊ နာရီ ခြောက်ဆယ်ဖြင့် တအင်္သာအရှိပတ်၍လှည့်ကြ ကုန်သည်ဟုဆိုပါသည်။ တစ်ဖန် (မဟာသုတကာရီ မဃဒေဝလင်္ကာ)သစ်တွင်လည်း 'အသီးအသီး၊ ရောင်ညီးညီးဖြင့်၊ ကျီးနှင့်ဟလင်္ကာ၊ ကက္ကဋာက၊ တူလာစူဠာ၊ တံငါ ဆင်မြင်း၊ ဗျိုင်းမယွင်းသား၊ ကိုးသင်းမဟာ၊ တွင်းတာရာတို့၊ နောက်ပါအညီ၊ သာဝဏီက၊ သုံးစီနက္ခတ်၊ ပါဒ်တရာ့ရှစ်၊ နဝင်းစစ်၍၊ ဝန်းရစ်လက်ျာ၊ လန္ဒာကို၊ ကမ္ဘာကျွန်းအောင်၊ ရံထွန်းပြောင်သို့' ဟူ၍ဆိုလေသည်။ ထို့အပြင် မြင့်မိုရ်အပိုင်း အထက်ဝန်းကျင်တွင် တာရာကြီး(၉)လုံးနှင့်အတူ နေရထား လရထား ပုံံများဖြင့်လဲသရုပ်ဖော်ရေးဆွဲထားပါတယ်။ နေရထား လရထား ဟုခေါ်ဆိုရာမှာ နေရထားကို ရွှေဥဒေါင်းပုံ လရထားကို ယုံမင်းပုံဟူ၍သရုပ်ဖော်ရေးဆွဲခြံရံထားပါတယ်။ တနည်းအားဖြင့် မြင့်မိုရ်တောင်ခါးပန်းတွင် နေ နှင့် လ တူယှဉ်တွဲ၍ ထွန်းလင်းစွာ ရှိနေဟန်ကို အတိတ်နိမိတ် သဘောဖြင့် ရေးဆွဲဖော်ပြထားခြင်းဖြစ်ပါတယ်။
💢ဇာတာ၏ငါးကြီးပိုင်းကိုလေ့လာကြည့်ပါ
🔻ငါကြီးပိုင်းတွင်မူ စောင်းတန်းများဖြင့်တန်ဆာဆင်ထားပြီး ထိုစောင်းတန်းများ၏အလယ် အောက်ဘက်ပိုင်းတွင် ငါကြီးတစ်ကောင်ပတ်ခွေထားသောသဏ္ဌန်ကိုရေးဆွဲထားပြီး
ငါးကြီးအာနန္ဒာဟုခေါ်ဆိုပါတယ်။ ထိုငါးကြီးအာနန္ဒာ၏အပေါ်ဘက်တည့်တည့်တွင် ပြသဒ်မုခ် တစ်ခုကိုရေးဆွဲထားပြီး မဟာပထဝီမြေကြီးကိုထမ်းထားဟန် သရုပ်ဖော်ရေးဆွဲထားခြင်းဖြစ်ပါတယ်။ ငါကြီးပိုင်း၏ အပေါ်ဘက် ဘယ်ဘက်ထောင့် နှင့် ညာဘက်ထောင့်များတွင် ဥယဉ်နှစ်ခုရှိပြီး မြင့်မိုရ်တောင်နှင့် တစ်ဆက်တည်းရေးဆွဲထားကာ မြင့်မိုရ်တောင်၏ အရံအတားများဖြစ်ကြသော နန္ဒမူဥယဉ်တော်နှင့် စိတ္တြဥယဉ်တော် တို့ဖြစ်ကြပါတယ်။
💢ဇာတာ၏ အတွင်းဘက်အပိုင်းကိုလေ့လာကြည့်ပါ
🔻ဇာတာ၏ အတွင်းဘက်ပိုင်းတွင်လည်း အပေါ်ဘက်အပိုင်းနှင့် အောက်ဘက်ပိုင်း ဟူ၍ နှစ်ပိုင်းခွဲထားပါတယ်။
အပေါ်ပိုင်း၏ ဘယ်ဘက်တွင် ရာသီခွင်စက်ဝိုင်းရှိပြီး အလည်တွင် ၁၂လရာသီအကွက်များကို နေကြာပန်းသဏ္ဌန်ရေးဆွဲထားကာ ဘေးဘက်တွင်ဘုရားအဖြစ်တော်ပေါင်း ၁၆ဘ၀ ကိုခြံရံရေးဆွဲထားပါတယ်။ ဘုရားအဖြစ်တော်ပေါင်းဟုခေါ်ဆိုရာတွင် (အစကြိုးကြာ ၁၆ ခါနှင့် ၊ ဟင်္သာ ၉ ဖြစ်၊ ၆ဖြစ်ကား ခို၊ ကျေးညို ၃ခါ၊ သံသာကြူးဟိတ် ကရဝိတ် ၅၊ ၄ကား သာလိကာ၊ ဇာမရီ ၁၅၊ မျောက်ကား ၁၀၊ ဆင်ဝယ် ၁၁၊ နွားဖြစ် ၁၄၊ ဧက သိန္ဓဝ၊ ကျွဲအဌ(၈) နှင့် ၊ သံမြသံညောင်း ဥဒေါင်း ၂ခါ၊ သာလိကာ ၇ ၊ ဒါွဒသ ကြက်၊
ဝက် ၁၃၊ ခေါ်သုံးမြွက်ဖော် အဖြစ်တော်တည်း)ဟုမှတ်သားရဖူးပါသည်။ ၎င်းဘုရားအဖြစ်တော်ပေါင်းဖြင့် ခြံရံထားသော စက်ဝိုင်း၏အတွင်းဘက် ၁၂လရာသီအကွက်များတွင် မိမိ၏ မွေးချိန် မွေးရက် မွေးလ ခုနှစ်များဖြင့်တွက်ချက်ထားသော ဂြိုလ်(၉)လုံးနှင့် လဂ် များကို ဖြည့်သွင်းရပါတယ်။ အလယ်တွင် အဓိပတိတိုင်ရေးဆွဲထားပြီး ၎င်းအဓိပတိတိုင်ကို ငါးကြီးဒေါင်းဖြင့်အနုပညာမြှောက်အောင်ရေးဆွဲထားပါတယ်။ ညာဘက်ဘေးတွင်မူ ဇယားကွက်သဏ္ဌန်ရေးဆွဲထားပြီး ဇယားကွက်ပေါင်း ၃၀ ပါရှိပါတယ်။ ၎င်းဇယားကွက်များတွင် တနင်္ဂနွေ၊ တနင်္လာ အပါအဝင် အစရှိသောဂြိုလ် ၉လုံးတို့၏ကိန်းဂဏန်းများ၊ လဂ် ကိန်းဂဏန်းများနှင့် တိုင်၁၀ပါး အပါအဝင် အခြားသော ကိန်းဂဏန်းများကို သေချာတွက်ချက်ပြီးရေးထည့်ရပါတယ်။
🔻အောက်ဘက်ပိုင်းတွင်မူ အပေါ်ဘက်တွင် တွက်ချက်ရေးသွင်းထားသော ကိန်ဂဏန်းများကို စာဖြင့်ထည့်သွင်းရေးသားရပါတယ်။ ထိုစာရေးသားပုံရေးသားနည်းကို ပုံ(၃)တွင်လေ့လာနိုင်ပါတယ်။
📜အကိုးအကား📜
မြန်မာစွယ်စုံကျမ်း
ဇာတာပုံစံများ- ဒေါ်တင်မမခိုင်(မန်းတက္ကသိုလ်)
♦️မှတ်ချက် - ဤ post သည် ကျနော့်၏ (မြန်မာ့ရိုးရာထန်းဖူးဇာတာ)page တွင် ဝင်ရောက်ဖတ်ရှုနေကြသော စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရစေခြင်းအလို့ငှာရေးသားတင်ပေးခြင်းဖြစ်ပါသောကြောင့် အခြားသော Page,Website များတွင် ကူယူဖော်ပြခွင့်မရှိပါ။♦️Like and Share ဖြင့်သာကူညီပေးကြပါ။
ဆရာဦးအေးကျော်
မန္တလေးမြို့
09402582706
#zawgyi
===============
ပါဠိ(အဓိက) - ကျီးတာရာ
ပါဠိ(ဟံသ) - ဟင်္သာတာရာ
ပါဠိ(စူဠာ) - ဆံကျင်တာရာ
ပါဠိ(ဟတ္ထိ) - ဆင်တာရာ
ပါဠိ(အဿ ) - မြင်းတာရာ
ပါဠိ(ဗကော) - ဗြိုင်းတာရာ
📜အကိုးအကား📜
မြန်မာစွယ်စုံကျမ်း
ဆရာဦးအေးကျော်
မန္တလေးမြို့
09402582706
Subscribe to:
Posts (Atom)
ဗေဒင်ပညာအခြေခံသိထားသင့်သည်များ
🔛၁၂လရာသီခွင်(သို့)ရာသီစက် အကြောင်း🔛 သမိုင်းအထောက်ထားများအရ အဝေးကြည့်မှန်ပြောင်းများသည် ခရစ်သက္ကရာဇ် ၁၆၆၃ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ကြောင...
-
#unicode ထန်းဖူးဇာတာတွင် ရေးဆွဲထားသော ပန်းချီအနုစိပ်လက်ရာများကိုလေ့လာကြည့်ခြင်း အပိုင်း (၁) =============== ယခုတင်ထားသောဇာတာသည် စာရေးသူကိုယ်...
-
🔛၁၂လရာသီခွင်(သို့)ရာသီစက် အကြောင်း🔛 သမိုင်းအထောက်ထားများအရ အဝေးကြည့်မှန်ပြောင်းများသည် ခရစ်သက္ကရာဇ် ၁၆၆၃ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ကြောင...
-
ဤဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းတွင် ထန်းပင်သည် အသက်အရှည်ဆုံးသော မင်္ဂလာအပင်ဖြစ်လေသည်။ ထန်းပင်သည် ၁၂ ရာသီပတ်လုံး ရွက်သစ်များ၊ အသီးအနှံများ အမြဲဝေ...